- ပရိုမက်ထရစ် ID သည် ပရိုမက်ထရစ်မှကျင်းပသည့် အသိအမှတ်ပြုစာမေးပွဲများ (အချို့သောစာမေးပွဲများမှလွဲ၍) ကို ဖြေဆိုရန်လိုအပ်သည့်် ID ဖြစ်သည်။
- ပရိုမက်ထရစ်နှင့် အသိအမှတ်ပြုအဖွဲ့အစည်းများသည် ဖြေဆိုသူအသီးသီး၏ ကိုယ်ရေးအချက်အလက်နှင့် စာမေးပွဲရလဒ်များကို ဤ ID ဖြင့် စီမံခန့်ခွဲပါမည်။
- စာမေးပွဲဖြေဆိုရာတွင် အခြားသတ်မှတ်ချက် ဖော်ပြထားခြင်းမရှိပါက Prometric ID အများအပြားရှိနေသူ တစ်ဦးအား တားမြစ်မည်ဖြစ်သည်။
- သင့်တွင် Prometric ID ရှိပြီးသားဖြစ်သော်လည်း စာမေးပွဲဖြေဆိုရန် အခြားသော Prometric ID ကိုရယူပြီး အသုံးပြုပါက စစ်ဆေးမှုရလဒ်များ ပျက်ပြယ်သွားမည်ဖြစ်ပါသည်။
- ပရိုမက်ထရစ် ID တွင် အင်္ဂလိပ်အက္ခရာ 2 လုံးနှင့် ဂဏန်း 7 လုံး ပါဝင်သည်။
- ပရိုမက်ထရစ် ID တစ်ခု ရယူရန် အကျုံးဝင်သော အီးမေးလ်လိပ်စာတစ်ခု လိုအပ်သည်။ အကျုံးဝင်သော အီးမေးလ်လိပ်စာ မရှိပါက သို့မဟုတ် အခြားသူများနှင့်် အီးမေးလ်လိပ်စာကို မျှဝေသုံးစွဲရလျှင် Yahoo! Gmail စသော အခမဲ့တစ်ကိုယ်ရည်သုံးအီးမေးလ်ကို ရယူပါ။
ပရိုမက်ထရစ် ID ပြုလုပ်၍မပြီးမီ ဆာဗာကွန်နက်ရှင် ပြတ်တောက်သွားလျှင် ပရိုမက်ထရစ် ID ရယူသောလုပ်ငန်းစဉ် ပြီးစီးမှုမရှိနိုင်ပါ။ ထိုသို့ဖြစ်လျှင် ပရိုမက်ထရစ် ID ကို ထပ်မံရယူရန် လိုအပ်ပါသည်။ တစ်စုံတစ်ရာ မေးမြန်းလိုပါက Prometric Customer Service Center သို့ ဆက်သွယ်ပါ။
|