Language
ပရိုမက်ထရစ် ID အသစ် ရယူခြင်း

ပရိုမက်ထရစ် ID ရယူစဉ် အောက်ပါသတိပြုရမည့်အချက်များကို ဖတ်ရှုပါ။

  ပရိုမက်ထရစ် ID အကြောင်း
  • ပရိုမက်ထရစ် ID သည် ပရိုမက်ထရစ်မှကျင်းပသည့် အသိအမှတ်ပြုစာမေးပွဲများ (အချို့သောစာမေးပွဲများမှလွဲ၍) ကို ဖြေဆိုရန်လိုအပ်သည့်် ID ဖြစ်သည်။
  • ပရိုမက်ထရစ်နှင့် အသိအမှတ်ပြုအဖွဲ့အစည်းများသည် ဖြေဆိုသူအသီးသီး၏ ကိုယ်ရေးအချက်အလက်နှင့် စာမေးပွဲရလဒ်များကို ဤ ID ဖြင့် စီမံခန့်ခွဲပါမည်။
  • စာမေးပွဲဖြေဆိုရာတွင် အခြားသတ်မှတ်ချက် ဖော်ပြထားခြင်းမရှိပါက Prometric ID အများအပြားရှိနေသူ တစ်ဦးအား တားမြစ်မည်ဖြစ်သည်။
  • သင့်တွင် Prometric ID ရှိပြီးသားဖြစ်သော်လည်း စာမေးပွဲဖြေဆိုရန် အခြားသော Prometric ID ကိုရယူပြီး အသုံးပြုပါက စစ်ဆေးမှုရလဒ်များ ပျက်ပြယ်သွားမည်ဖြစ်ပါသည်။
  • ပရိုမက်ထရစ် ID တွင် အင်္ဂလိပ်အက္ခရာ 2 လုံးနှင့် ဂဏန်း 7 လုံး ပါဝင်သည်။
  • ပရိုမက်ထရစ် ID တစ်ခု ရယူရန် အကျုံးဝင်သော အီးမေးလ်လိပ်စာတစ်ခု လိုအပ်သည်။ အကျုံးဝင်သော အီးမေးလ်လိပ်စာ မရှိပါက သို့မဟုတ် အခြားသူများနှင့်် အီးမေးလ်လိပ်စာကို မျှဝေသုံးစွဲရလျှင် Yahoo! Gmail စ​သော အခမဲ့တစ်ကိုယ်​ရည်သုံးအီး​မေးလ်ကို ရယူပါ။
  သတိပြုရမည့်အချက်များ

ပရိုမက်ထရစ် ID ပြုလုပ်၍မပြီးမီ ဆာဗာကွန်နက်ရှင် ပြတ်​တောက်သွားလျှင် ပရိုမက်ထရစ် ID ရယူ​သောလုပ်ငန်းစဉ် ပြီးစီးမှုမရှိနိုင်ပါ။ ထိုသို့ဖြစ်လျှင် ပရိုမက်ထရစ် ID ကို ထပ်မံရယူရန် လိုအပ်ပါသည်။ တစ်စုံတစ်ရာ မေးမြန်းလိုပါက Prometric Customer Service Center သို့ ဆက်သွယ်ပါ။